backup og meta

ကျောင်းနေအရွယ် သားသားမီးမီးတွေ လိုအပ်တဲ့ အာဟာရ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းနေအရွယ် သားသားမီးမီးတွေ လိုအပ်တဲ့ အာဟာရ

    ကျောင်းနေအရွယ် ဖြစ်ကြတဲ့ ( အသက် ၆ နှစ်ကနေ ၁၂ နှစ်ကြား) သားသားမီးမီးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားစရာတွေကို စားဖို့ လိုအပ်ပါမယ်။ ကြီးထွားနေတဲ့အရွယ်ဆိုပေမယ့် ကြီးထွားမှု နှေးကွေးတာမျိုး မဖြစ်စေဖို့အတွက် တစ်နေ့ကို အစား ၄ ကြိမ်ကနေ ၅ကြိမ်လောက် ကျွေးမွေးဖို့ လိုပါတယ်။

    ဒီကာလမှာ ဘာကိုတော့ဖြင့် မစားချင်ဘူး။ ဘာကိုမှ ကြိုက်တာဆိုပြီး အစားရွေးတာမျိုးတော့ ရှိပါတယ်။ နောက်ပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ တီဗွီအစီအစဉ်တွေကို ကြည့်ပြီး အစားအသောက်ရွေးချယ်တာ၊ စားသောက်မှု အလေ့အထ ပြောင်းလဲတာတွေ ရှိနိုင်ပါတယ်။ ကျောင်းနေအရွယ် ကလေးတွေက အခြားအရွယ်မွေးချင်းတွေထက် အစားအစာတွေကို ပိုမို စုံလင်အောင် စားချင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။

    ဒါကြောင့် ကျောင်းမှာ စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဖြစ်ဖို့က အတော်လေး အရေးပါပါတယ်။ ဒါကြောင့် ကျောင်းနေအရွယ်ကလေးတွေကို အိမ်ကနေ အစားအစာတွေ ပြင်ဆင်ပေးလိုက်တာက အကောင်းဆုံး နည်းလမ်းပါ။ ဒါမှ ကျောင်းနေအရွယ် သားသားမီးမီးတွေ လိုအပ်တဲ့ အာဟာရ ပြည့်မီစွာ ရရှိမှာ ဖြစ်ပါတယ်။

    ကျောင်းနေအရွယ် သားသားမီးမီးတွေ လိုအပ်တဲ့ အာဟာရ

    ကျောင်းနေအရွယ် သားသားမီးမီးတွေ လိုအပ်တဲ့ အာဟာရ ပြည့်မီစေဖို့ဆိုရင်

    # မနက်စာ

    မနက်စာ ပုံမှန် ကျွေးပေးပါ။ ဒီလို ကျွေးပေးတဲ့အခါ အာဟာရ ပြည့်ဝစေဖို့ အိမ်ချက် အစားအစာတွေကို ပိုကျွေးဖြစ်အောင် ဂရုစိုက်ပါ။ ဒါကြောင့် အာဟာရပြည့်ဝတဲ့ မနက်စာဖြစ်စေဖို့အတွက်

    • သစ်သီး
    • နို့
    • ထမင်း
    • ပေါင်မုန့်
    • ဆီရီယယ်
    • ချိစ်ပေါင်မုန့်
    • မြေပဲထောပတ်သုပ်ထားတဲ့ ပေါင်မုန့်
    • ကြက်ဥ
    • ထမင်းကြော်
    • ပဲပြုတ် ထမင်း
    • အိမ်ချက် မုန့်ဟင်းခါး
    • ခေါက်ဆွဲကြော်
    • ကြာဇံကြော်တွေ ပြင်ဆင်ပေးလို့ ရပါတယ်။

    # နေ့လယ်စာ

    နေ့လယ်စာကို အသား၊ အသီးအရွက်၊ ငါး၊ ပဲအမျိုးမျိုး စတာတွေကို မျှတအောင် ပြင်ဆင်ပေးပါ

    • ထမင်း
    • ကြက်စွပ်ပြုတ် (ကြက်သားအဖတ်ပါ)
    • အာလူးကြော်
    • ကန်စွန်းရွက်ကြော်
    • ငါးကြော်
    • ကြက်သားဟင်း ( အရေခွံမပါ)
    • အသီးအရွက်ကြော် တစ်မျိုးမျိုး
    • ပဲဟင်းရည် စတာတွေကို အလျဉ်းသင့်သလို ပြင်ဆင်ပေးလို့ ရပါတယ်။

    # နေ့လယ် အဆာပြေ

    နေ့လယ် အဆာပြေစာတွေကိုလည်း အပြင်စာ မစားမိစေဖို့ ဆိုရင်

    • သစ်သီး
    • အသီးအရွက်ပါတဲ့ အသားညှပ်ပေါင်မုန့်
    • အုန်းနို့ သာကူ
    • ချိစ်ပေါင်မုန့်
    • ဒိန်ချဉ်
    • ငှက်ပျောသီး
    • နို့နဲ့ ဆီရီယယ်
    • ထောပတ်သီး ဖျော်ရည်
    • ကြက်ဥခေါက်မုန့်
    • ထန်းလျက် ခေါက်မုန့် စတာတွေ ပြင်ဆင်ပေးလို့ ရပါတယ်။

    # ညစာ

    ညစာကိုလည်း အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။

    • ထမင်း
    • ကြက်စွပ်ပြုတ် (ကြက်သားအဖတ်ပါ)
    • အာလူးကြော်
    • ကန်စွန်းရွက်ကြော်
    • ငါးကြော်
    • ကြက်သားဟင်း ( အရေခွံမပါ)
    • အသီးအရွက်ကြော် တစ်မျိုးမျိုး
    • ပဲဟင်းရည် စတာတွေကို အလျဉ်းသင့်သလို ပြင်ဆင်ပေးလို့ ရပါတယ်။ ညစာမှာတော့ အစာကြေခဲတာမျိုးဖြစ်စေမယ့် အသီးအရွက်တွေကို လျှော့ကျွေးပါ။

    ကလေးကို ကျန်းမာတဲ့ စားသောက်မှု အလေ့အထ မွေးမြူပေးပါ။ ကလေးကို အစားစားနေချိန်မှာ တီဗွီရှေ့မှာ စားတာမျိုး မလုပ်ပါနဲ့။

    ကျောင်းနေအရွယ် သားသားမီးမီးတွေ လိုအပ်တဲ့ အာဟာရ

    ကျန်းမာတဲ့ အစားအစာ ရွေးချယ်မယ်

    ကလေးကို ဒီအရွယ်မှာ ကျန်းမာတဲ့ အစားအစာလေးတွေ ရွေးချယ်တတ်စေဖို့ သေချာလေး ဂရုစိုက် သင်ကြားပေးဖို့ လိုပါမယ်။ ဒါမှ ကလေးက ကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက်ကြီးပြင်းလာပြီး ရောဂါ ကင်းမှာပါ။

    ကျောင်းနေအရွယ် သားသားမီးမီးတွေ ရဲ့ နေ့စဉ်စားသုံးမှုမှာ

    • နှံစားသီးနှံတွေ – ဆန်၊ ဂျုံ၊ အုတ်ဂျုံ၊ ဆီရီယယ် စတာတွေကို ဆိုလိုတာပါ။ နေ့စဉ် စားသုံးမှုမှာ ထမင်း၊ ဂျုံကြမ်းပေါင်မုန့်၊ ဆန်လုံးညို၊ အုတ်ဂျုံ စတာတွေ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ တစ်နေ့တာရဲ့ ပန်းကန်မှာ ၄ ပုံ ၁ပုံစာကို နှံစားသီးနှံတွေနဲ့ ဖြည့်တင်းပေးပါ။
    • ဟင်းသီးဟင်းရွက်တွေနေ့စဉ်စားသုံးမှုမှာ ဟင်းသီးဟင်းရွက်တွေ အရောင်အသွေးစုံလင်စွာ ပါဝင်ဖို့ လိုပါမယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ အနီရောင်၊ လိမ္မော်ရောင် အသီးအနှံတွေ၊ ပဲအမျိုးမျိုး၊ ကစီဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။
    • သစ်သီးတွေ – သစ်သီးတွေဆိုတဲ့နေရာမှာ လတ်လတ်ဆတ်ဆတ် သစ်သီးတွေကို ပြင်ဆင်ပေးပါ။ ဆီသွတ်ဘူးတွေ၊ သစ်သီးဖျော်ရည်တွေ၊ သစ်သီးခြောက်တွေကို တတ်နိုင်သမျှ လျှော့ကျွေးပါ။
    • နို့ထွက်ပစ္စည်းတွေ –  နို့ထွက်ပစ္စည်းတွေက ကယ်လ်ဆီယမ်ရော ပရိုတင်းပါ ကြွယ်ဝပါတယ်။ တစ်နေ့ကို အနည်းဆုံး နို့တစ်ခွက် ဒါမှမဟုတ် ဒိန်ချဉ်စတာတွေ ပြင်ဆင်ပေးလို့ ရပါတယ်။
    • ပရိုတင်း – အဆီမပါတဲ့ ပရိုတင်းတွေ ပြင်ဆင်ပေးပါ။ အဆီမပါတဲ့ အနီရောင် အသား၊ အရေခွံမပါတဲ့ ကြက်သာ စတာတွေ ပြင်ဆင်ပေးပါ။ ငါး၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုး စတာတွေကို ပြင်ဆင်ပေးပါ။ တိရစ္ဆာန်အဆီတွေ မကျွေးပါနဲ့။

    နေ့စဉ် အာဟာရ ကြွယ်ဝအောင် ပြင်ဆင်ပေးပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်စေဖို့လည်း ဂရုစိုက် ပျိုးထောင်ပေးပါ။

    ဘာတွေ သင်ကြားပေးမလဲ

    ကလေးကို အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့အတွက်

  • နေ့စဉ် စားသုံးမှုမှာ ဘာတွေ ထည့်သွင်းစားရမယ်။ ဘာတွေကတော့ ကျန်းမာရေးနဲ့ မညီညွတ်လို့ မစားရဘူးဆိုတာကို သင်ကြားပေးပါ
  • ကိုယ်တိုင်ကလည်း ကျန်းမာစွာ စားသောက်တတ်သူအဖြစ် စံပြဖြစ်အောင် နေပါ
  • ကလေးကို အာဟာရ တန်ဖိုးတွေ သိအောင် ရှင်းပြပြီး ကျန်းမာတဲ့ အစားအစာတွေ ရွေးချယ်တတ်အောင် သင်ပေးပါ
  • အစားအစာ စားသုံးမှုမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်တို့ စားပေးပါ
  • ကယ်လ်လိုရီ စားသုံးမှုကို တွက်ချက်ပေးပါ
  • ကလေးကို စားသုံးမှုပမာဏကို ချင့်ချိန်တတ်အောင် သင်ပေးပါ
  • ကလေးရဲ့ Screen Time ကို တစ်နေ့ကို ၂ နာရီထက် မပိုပါစေနဲ့။
  • ကလေးကို လှုပ်လှုပ်ရှားရှား နေတတ်အောင် သင်ပေးပါ
  • ကလေးကို ကျန်းမာပြီး ခန္ဓာကိုယ် ကျစ်လျစ်လှပစေဖို့အတွက် ရက်တော်တော်များများကို တစ်နေ့ကို မိနစ် ၆၀ လောက် လှုပ်ရှားပေးပါ
  • ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်နိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီးချိန်တိုင်းမှာ ရေတိုက်ပါ။ တစ်နေ့ကို ရေများများ သောက်ဖြစ်အောင် ဂရုစိုက်ပေးပါ။
  • ကလေးရဲ့ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးနှံပေးတာ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ပေးတာမျိုးကိုလည်း မပျက်ကွက်အောင် ဂရုစိုက်ပေးပါ။

    ကလေး အာဟာရ ပြည့်ဝပါစေ

    ကျောင်းနေအရွယ်မှာ အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးတာက ကလေးကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အမျိုးအစား -၂ ဆီးချို၊ ကင်ဆာ၊ အရိုးပွတာ၊ သံဓာတ်အားနည်းတာ၊ သွားနဲ့ ခံတွင်းပြဿနာတွေ ကင်းစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement