အာဟာရပြည့်ဝအောင် ကျွေးပါ။ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်လည်း အာဟာရက အရေးပါတဲ့ နေရာကနေ ပါဝင်နေပါတယ်။ အနည်းဆုံး ကလေးအသက်၆လအထိ မိခင်နို့တိုက်ပါ။ ကလေးအသက်၂နှစ်အထိ တိုက်နိုင်ရင် ပိုကောင်းပါတယ်။
ဖြည့်စွက်စာ စားတဲ့အချိန်ရောက်ရင် အာဟာရပြည့်ဝအောင် စုံစုံလင်လင် ကျွေးမွေးပါ။ ဖော်မြူလာနို့တွေ တိုက်မယ်ဆိုရင်လည်း ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ DHAပါတာကို ရွေးချယ်ပါ။
- ဦးနှောက်ကို ထိခိုက်ဒဏ်ရာတွေနဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ပါ။
ဦးနှောက်ဖွံ့ဖြိုးစ အရွယ်မှာ မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာတွေ ရခဲ့ရင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကလေးဆော့တဲ့အခါ၊ ကလေးနဲ့ အပြင်သွားတဲ့အခါ၊ ကားစီးတဲ့အခါ သတိထားပါ။
ကူးစက်ရောဂါတွေအတွက်က ကာကွယ်ဆေးတွေကို အသက်အလိုက် ပြည့်ပြည့်စုံစုံထိုးထားပါ။ ဒါဆိုရင် ဦးနှောက်ကို ထိခိုက်နိုင်တဲ့ ပိုးတွေကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ။
ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ဖြစ်လာဖို့ မေမေတို့အနေနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စိတ်ခံစားချက် ဒါတွေအကုန်လုံးကို မျှမျှတတ ဂရုစိုက်ဖို့ လိုပါတယ်။ ဒီအရွယ်လေးတွေက ဘဝရဲ့ တာထွက်အစ ဖြစ်တာကြောင့် သေချာဂရုစိုက်ပေးမှု ပြီးပြည့်စုံစွာ ကြီးပြင်းလာမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။