ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုတင်မက ကိုယ်ခံအားကိုပါ ထိခိုက်စေသလို ရေရှည်မှာ နာတာရှည် ကျန်းမာရေး ပြဿနာတွေကိုပါ ခံစားရစေနိုင်ပါတယ်။
ဒီလို အထိုင်များတာကြောင့် ကလေးမှာ ထိခိုက်မှု မဖြစ်စေဖို့အတွက်
ကလေးကို ထိုင်ပဲ ထိုင်နေစေပြီး ပြေးလွှားဆော့ကစားခွင့် မပေးတာ ဒါမှမဟုတ် ကလေးကိုယ်တိုင်က ဖုန်းပဲသုံးပြီး ပြေးပြေးလွှားလွှား ဆော့ကစားမှု မရှိဘူးဆိုရင် အဝလွန်တာကနေ အစပြုလို့ ကိုယ်ခံအားကျတာ၊ အရွယ်မတိုင်ခင် နာတာရှည်ရောဂါတွေ ဖြစ်လာမှာပါ။ ဒီလိုမဖြစ်စေဖို့ဆိုရင်
ကိုယ်လက်လှုပ်ရှားမှု ရှိအောင် ဂရုစိုက်ပါ
ကလေးကို ငြိမ်ငြိမ်နေစေတာက ကိုယ်ခံအားကို ထိခိုက်စေသလို အရိုးနဲ့ ကြွက်သားဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို နေ့တိုင်းမှာ ပြေးပြေးလွှားလွှား ဆော့ကစားခွင့် ပေးလိုက်ပါ။
လူကြီးတွေလို စနစ်တကျ လေ့ကျင့်ခန်း လုပ်မှ မဟုတ်ပါဘူး။ သူ့ဟာသူ ပြေးပြေးလွှားလွှားကစားတာ၊ လူကြီးတွေနဲ့ ဘောလုံးကန်တာ၊ ကြက်တောင်ရိုက်တာတွေကလည်း ကိုယ်လက်လှုပ်ရှားမှုပါပဲ။ တစ်ရက်ကို နာရီဝက်လောက် ပြေးပြေးလွှားလွှားဆော့ပါစေ။
စခရင်မ်တိုင်းမ် လျှော့ချပါ
စခရင်မ်တိုင်းမ်များတာက ကလေးကို လှုပ်ရှားမှု နည်းစေပြီး ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို စခရင်မ်တိုင်းမ် လျှော့ချပါ။ ၂နှစ်ကနေ ၁၂နှစ်ဆို ဖျော်ဖြေရေးအတွက် သုံးတဲ့ screen timeက တစ်ရက်ကို ၁နာရီပဲ ရှိသင့်ပါတယ်။
Screen time များပြီး ကလေးက ညဘက်တွေ အိပ်မပျော်တဲ့အခါ ကိုယ်ခံအားပါ ထိခိုက်လာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။