စိန်ခေါ်မှုတွေကို အခွင့်အရေးလို့ မြင်တတ်အောင် သင်ပေးပါ
ဘဝမှာ အခက်အခဲဆိုတာက လူတိုင်း ကြုံဖူးကြမှာပါ။ ဒီလို အခက်အခဲ ကြုံလာတဲ့အခါ စိတ်ပျက်စရာလို့ မမြင်ဘဲ အခွင့်အရေးလို့ မြင်တတ်အောင် ငယ်စဉ်ကတည်းက အလေ့အကျင့် လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကလေးကို စိတ်ဓာတ်ကြံ့ခိုင်စေဖို့ အထောက်အကူ ဖြစ်စေမှာပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ရှိအောင် မွေးမြူပေးပါ
စိတ်ဓာတ် ကြံ့ခိုင်စေဖို့ အရေးအကြီးဆုံး အချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ရှိအောင် မွေးမြူပေးတာပါ။ ကလေးက ငယ်စဉ်ကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမှပဲ စိတ်ဓာတ်ကြံ့ခိုင်သူလေး ဖြစ်တော့မှာပေါ့။
စိတ်အားထက်သန်တတ်သူလေး ဖြစ်အောင် လေ့ကျင့်ပေးပါ
ကလေးကို စိတ်အားထက်သန်တတ်အောင် သင်ကြားပေးထားတာကလည်း ကလေးကို စိတ်ဓာတ်ကြံ့ခိုင်စေမယ့် နည်းလမ်းပါပဲ။ ကလေးကို တစ်ခုခုကို လုပ်ဆောင်တဲ့အခါ ပြီးဆုံးအောင် လုပ်တတ်ဖို့ ငယ်စဉ်ကတည်းက သင်ကြားပေးထားပါ။ ဒီအလေ့အကျင့်ကလည်း ကလေးကို စိတ်ဓာတ်ကြံ့ခိုင်သူအဖြစ် ကြီးပြင်းလာစေမှာပါ။
စိတ်ခံစားမှုကို ထိန်းချုပ်တတ်အောင် သင်ပေးပါ
စိတ်ခံစားမှုတွေကို ထိန်းချုပ်တတ်ဖို့က ကလေးတစ်ယောက်အတွက် ခက်ခဲနိုင်ပါတယ်။ ခံစားချက်တွေကို ထိန်းချုပ်ထားတယ်ဆိုတာ မျိုသိပ်ထားခိုင်းတာ မဟုတ်ပါဘူး။ ဒေါသထွက်တဲ့အခါ၊ ဝမ်းနည်းတဲ့အခါ ဘယ်လိုမျိုး နည်းလမ်းမှန်မှန်နဲ့ ဖွင့်ထုတ်ရမလဲဆိုတာကို သင်ပေးတာ ဖြစ်ပါတယ်။
ဥပမာ – ကလေးက စိတ်ကြီးတယ်။ တစ်ခုခုဆို ပစ္စည်းတွေကို ကိုင်ပေါက်တယ်ဆိုတာ သူ့ရဲ့ ဒေါသဖြစ်တဲ့ ခံစားချက်ကို မဖော်ပြတတ်လို့ပါ။ စိတ်မကျေနပ်ရှိတဲ့အခါ ဒေါသထွက်လို့ ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ သူများကို မထိခိုက်အောင် ဒေါသကို ဘယ်လိုဖော်ပြမလဲဆိုတာကို သင်ပေးတာမျိုးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။