ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ

ဆောင်းရာသီမှာ နေထိုင်မကောင်းဖြစ်တာက လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ကိုယ်ခံအား နည်းနေတဲ့ ကလေးလေးတွေ နဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နေထိုင်မကောင်းဖြစ်တာက ကိုယ်ခံအားနည်းသူတွေအဖို့မှာ တော်တော်ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ ကိုယ်ခံအားနည်းနေနိုင်တဲ့ ဘိုးဘိုးဘွားဘွားတို့ ဖျားနာမှု ကင်းအောင် ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။  အသက်ကြီးလာတာနဲ့ အမျှ အရေးပါလာတဲ့ ကိုယ်ခံအား အသက်ကြီးလာတာနဲ့အမျှ ဖျားနာလာပြီဆိုရင် နလန်ထူဖို့ ပိုကြာလာတာကြောင့် အရွယ်ရလာလေလေ ကိုယ်ခံအား ကောင်းဖို့ လိုအပ်လာလေလေပါ။ ကိုယ်ခံအား ကောင်းမှလည်း ကူးစက်ရောဂါတွေ ကူးစက်ခံရမှုကနေ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အသက်ကြီးလာလေလေ ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် ကိုယ်ခံအားကောင်းဖို့ လိုအပ်လာလေလေပါ။ ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ ခုဆက်ပြောမယ့်အချက်တွေကတော့ […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း

ဘိုးဘိုးဘွားဘွားတို့ လေ့ကျင့်ခန်း လုပ်သင့်လား

လေ့ကျင့်ခန်းက အရွယ်တိုင်း လုပ်သင့်တာပါ။ ဒီလို ပြောရတာက လေ့ကျင့်ခန်း လုပ်တာက စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်လို့ပါ။ ဘိုးဘိုးဘွားဘွားတို့က လူငယ်တွေလောက် မသန်မာတော့ဘူး ဆိုပေမယ့် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် အသက်အရွယ်ကြောင့် ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို အကောင်းဆုံး ကာကွယ်ရာရောက်မှာပါ။ အသက်အရွယ်ကြောင့် ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက ဘာတွေများလဲ............ ငယ်ရွယ်စဉ်မှာ သန်မာ ဖျတ်လတ်ကြပေမယ့် အသက်အရွယ် ကြီးရင့်လာတဲ့အခါမှာတော့ အမြင်အာရုံ ပြဿနာ အကြားအာရုံ ပြဿနာ အရိုးပွ၊ အရိုးပါး ကြွက်သားဆုံးရှုံးမှု ပြဿနာ အဝလွန်တာ ဆီးချိုရောဂါ သွေးတိုးရောဂါ စိတ်ဖိစီးတာ စိတ်ဓာတ်ကျတာ နာကျင်ရောင်ရမ်းမှု ပြဿနာတွေကို  ခံစားရနိုင်ပါတယ်။ ဘိုးဘိုးဘွားဘွားတို့ကို လေ့ကျင့်ခန်း လုပ်ပါလို့ ပြောရတဲ့ အကြောင်းအရင်း တကယ်တော့ ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်ဖို့ဆိုရင် အသက် ၃၀ […]


အဖြစ်များသော လူကြီးရောဂါများ

အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ

အသက်အရွယ်ကြီးရင့်လာချိန်မှာ ခန္ဓာကိုယ်ဟာ လုပ်ဆောင်နိုင်စွမ်းတွေကျဆင်းလာပြီး ကျန်းမာသန်စွမ်းမှုလည်း နည်းပါးလာတတ်ပါတယ်။ အိုမင်းရင့်ရော်ခြင်း ဟာ ရှောင်လွဲလို့မရနိုင်တဲ့ အရာဖြစ်ပေမယ့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကတော့ ဒီလိုမဟုတ်ပါဘူး။ လူတစ်ယောက် မကျန်းမမာဖြစ်ရတဲ့ အဓိကအချက်က နေထိုင်စားသောက်ပုံ စနစ်မကျလို့သာဖြစ်ပါတယ်။ လူတွေထင်ထားသလို အသက်ကြီးလာတာနဲ့ တချို့ရောဂါတွေက မဖြစ်မနေဖြစ်မယ်လို့ မှတ်ယူထားလို့မရပါဘူး။ ဒီအချက်က မှားယွင်းပါတယ်။ အိုမင်းရင့်ရော်ခြင်း ဆိုတာက သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ် တဖြည်းဖြည်း နှေးကွေးလာတဲ့ အခြေအနေတစ်ရပ်ပါ။ အအိပ်နည်းလာလိမ့်မယ်။ စာဖတ်ရင် မျက်မှန်လိုလာမယ်။ အချို့လူတွေမှာ အကြားအာရုံဆုံးရှုံးလာမယ်။ အရိုးတွေလည်း အိုမင်းလာပြီး လိင်ပိုင်းဆိုင်ရာ တုံ့ပြန်မှုလည်း မတူတော့တဲ့ အနေအထားမျိုးကို ဆိုလိုတာပါ။ လူတွေကြုံဆုံလာရသမျှ ရောဂါတွေအားလုံးက အိုမင်းရင့်ရော်မှုထက် ကိုယ်တိုင်ရဲ့နေထိုင်စားသောက်ပုံ မမှန်ကန်ခဲ့လို့ဖြစ်ရတဲ့ ဝေဒနာတွေက အများစုပါ။ ဒါကြောင့်လည်း အသက်ကြီးလာချိန်မှာ မဖြစ်မနေကြုံဆုံရမယ်လို့ လူတွေထင်နေကြတဲ့ ကျန်းမာရေးပြဿနာတွေဟာ ယုံတမ်းစကားတွေဖြစ်နေလေ့ရှိပါတယ်။ အိုမင်းရင့်ရော်မှုရဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့ပတ်သက်ပြီး လူတွေသိနားလည်ထားတဲ့ […]


အဖြစ်များသော လူကြီးရောဂါများ

ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင်

ဝမ်းချုပ်တာက အသက်အရွယ်ကြီးရင့်လာတဲ့ ဖိုးဖိုးဖွားဖွားတို့မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဝမ်းချုပ်တာက အစာခြေစနစ်ကို ကာလရှည်ကြာ ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်ပြီး ဖိုးဖိုးဖွားဖွားတို့ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်မှုကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ ဒါကြောင့် ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင် ပါတယ်။ ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင် ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင် ရတဲ့ အကြောင်းအရင်းလေးကို ဆက်ကြည့်လိုက်ရအောင်နော်။ ဖိုးဖိုးဖွားဖွားတို့ကို ဘာတွေကများ ဝမ်းချုပ်စေတာလဲ............... ဖိုးဖိုးဖွားဖွားတို့ကို ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိနိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အူလမ်းကြောင်း လှုပ်ရှားမှု နှေးကွေးပြီး ဝမ်းချုပ်တတ်ပါတယ်။ တစ်ခါတလေမှာတော့ သောက်သုံးနေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်နိုင်ပါတယ်။ (ဥပမာ အကိုက်အခဲပျောက်ဆေးတွေ၊ စိတ်ကျရောဂါ သောက်ဆေးတွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်) ဒါတွေအပြင် အခုလို အကြောင်းအရင်းတွေကြောင့်လည်း […]


အဖြစ်များသော လူကြီးရောဂါများ

ဖိုးဖိုးဖွားဖွားတို့ ဝမ်းချုပ်တာ သက်သာစေဖို့ အိမ်တွင်းကုထုံး

ဝမ်းချုပ်တာက အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်တယ် ဆိုပေမယ့် အသက်အရွယ်ကြီးရင့်သူတွေမှာ ပိုအဖြစ်များ ပါတယ်။ ဝမ်းချုပ်တာက အစားအသောက် ပျက်စေသလို အခြားသော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖိုးဖိုးဖွားဖွားတို့ ဝမ်းချုပ်တာ သက်သာစေဖို့ ဘယ်လိုများ လုပ်ပေးရမလဲ ဆိုတာကို ဒီ ဆောင်းပါးလေးကနေ ပြောပြပေးသွား ပါမယ်။ ဖိုးဖိုးဖွားဖွားတို့ ဝမ်းချုပ်တာ သက်သာစေဖို့ အိမ်တွင်းကုထုံး အချို့ ဝမ်းချုပ်တဲ့အခါ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့ ဒီ နည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။ ဝမ်းချုပ်စေတဲ့ အစားအစာတွေကို ရှောင်ပါ ဝမ်းချုပ်နေတဲ့အခါ ပိုဆိုး မသွားစေဖို့အတွက် ဒါတွေကို ရှောင်စေချင် ပါတယ်။ ကောက်ညှင်း သန့်စင်ထားတဲ့ ဂျုံ မမှည့်သေးတဲ့ ငှက်ပျောသီး လက်ဖက်ရည် ချိစ် ချောကလက် အဆီများတဲ့ အစားအစာတွေကို ရှောင်ပါ။ ဝမ်းမှန်စေမယ့် အစားအစာတွေ […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ

လူခန္ဓာကိုယ်မှာ အရိုးနဲ့ အဆစ်အမြစ်တွေ ကျန်းမာဖို့က သိပ်ကို အရေးကြီးပါတယ်။ အရိုးဆိုတာက ခန္ဓာကိုယ်ကြီးတစ်ခုလုံးရဲ့ ဒေါက်တိုင်မဟုတ်လား။ အရိုးတွေ အဆစ်အမြစ်တွေ တစ်ခုခုဖြစ်တာနဲ့ လူက ဘုံးဘုံးလဲတော့တာပဲလေ။ အရိုးဆိုတာက အသွင်သဏ္ဍာန်အားဖြင့် မာကျောလှတယ်ထင်ရပေမယ့် အသက်အရွယ်ရလာချိန်မှာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ ယိုယွင်းလာတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာကတည်းက အရိုးကျန်းမာအောင် မစောင့်ရှောက်ထားရင် အသက်ကြီးလာတဲ့အခါ အခက်ကြုံပါလိမ့်မယ်။ ဒီတော့ အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ က ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ အဆစ်အမြစ်တွေကတော့ အရိုးထက်တောင် ပိုစောစောစီးစီးယိုယွင်းတတ်တာပါ။ ဒီတော့ အရေးပါလှတဲ့ ဒီအရာတွေကို ကာလရှည်ကြာ ကျန်းမာနေစေဖို့ ခုချိန်ကတည်းက စောင့်ရှောက်ရပါမယ်။ အလွယ်ဆုံးနည်းကတော့ အဆစ်အမြစ် ကျန်းမာစေမယ့် အစားအစာတွေကို သတ်သတ်မှတ်မှတ်မှီဝဲပေးတာပါပဲ။ အဆစ်အမြစ်ကို ကျန်းမာစေမယ့် အစားအစာတွေဆိုတာ ဘယ်လိုအရာတွေလဲဆိုရင်တော့ ၁။ ချယ်ရီသီး ချယ်ရီသီးက […]


တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း

ဖိုးဖိုးဖွားဖွားတို့ သန်မာစေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းအချို့

လေ့ကျင့်ခန်း လုပ်တာက အသက်အရွယ်တိုင်းကို သန်မာစေနိုင်ပါတယ်။ ကလေးကစလို့ လူကြီးတွေအထိ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ် ကြံ့ခိုင်သလို စိတ်ရော လန်းဆန်း ကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို ပျော်ရွှင်ကျန်းမာနေစေဖို့ ဘယ်လို လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရမလဲဆိုတာ ပြောပြပေးသွားမယ်နော်။ ဖိုးဖိုးဖွားဖွားတို့ သန်မာစေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းအချို့ ဖိုးဖိုးဖွားဖွားတို့ သန်မာစေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းအချို့ အကြောင်း အတူတူလေ့လာကြည့်လိုက်ရအောင်နော်။ အသက်အရွယ်ကြောင့် လျော့ကျလာတဲ့ ကြံ့ခိုင်သန်စွမ်းမှုကို အားဖြည့်ဖို့ လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် မမေ့မလျော့ လုပ်သင့်တာတစ်ခုက အကြောလျှော့ဖို့ပါ။ အကြောလျှော့တာက ကြွက်သားတွေကို ပြေလျော့စေသလို ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုလည်း ကောင်းစေပါတယ်။ လမ်းလျှောက်ပါ ဒီလေ့ကျင့်ခန်းက အပန်းမကြီးသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် […]


သက်ကြီးရွယ်အို အာဟာရ

ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့

အသက်အရွယ် ရလာတဲ့ အခါ အစာစားချင်စိတ် နည်းလာပါတယ်။ ဒီလို အနေအထားမှာ ကိုယ်အလေးချိန် ကျသွားတာ။ အင်အား နည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန် နည်းတာနဲ့အတူ ရေရှည်မှာ ကြွက်သားဆုံးရှုံးတာက ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ ဘာတွေလုပ်ပေးရမလဲ ။ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိမှ ရောဂါဘယတွေ အန္တရာယ်ကနေ ကင်းဝေးမှာ ဖြစ်သလို အသက်အရွယ်ကြောင့် ဖြစ်တဲ့ ကြွက်သားဆုံးရှုံးတာ၊ အရိုး ကျိုးလွယ်တာမျိုးတွေကို ကာကွယ်နိုင်မှာပါ။ ဒီတော့ အသက်အရွယ်ရလာတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ ဒါလေးတွေ ကျွေးပေးစေချင်ပါတယ်။ ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ အသက်အရွယ်ရလာချိန်မှာ ကြွက်သားဆုံးရှုံးမှု မဖြစ်စေဖို့အတွက် ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ […]


သက်ကြီးရွယ်အို အာဟာရ

မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအားကောင်းစေဖို့

ရောဂါတွေ အမျိုးမျိုး ဖြစ်ပွားနေချိန်မှာ ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ဖို့က အရေးအကြီးဆုံးပါ။ ဒီတော့ ကိုယ်ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအားကောင်းစေဖို့ နဲ့ ကျန်းမာစေဖို့ ဘာတွေများ ပြင်ဆင်ပေးရမလဲလို့ ခေါင်းခြောက်နေပြီလား။ ဒါဆိုရင်တော့ ချစ်ခင်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာစေဖို့နဲ့ ကိုယ်ခံအား ပြည့်ဝစေဖို့ ဘာတွေပြင်ဆင်ပေးရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား........... မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ ပြင်ဆင်ပေးမလဲ.............. ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအား ကောင်းစေဖို့အတွက် နေ့စဉ် ပြင်ဆင်ပေးရတဲ့ အစားအသောက်တွေထဲမှာ ဒါလေးတွေ ပါအောင် ပြင်ဆင်ပေးပါ။ ဟင်းနုနွယ် ဟင်းနုနွယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ Beta carotene၊ ဗီတာမင် A၊ ဗီတာမင် C၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဖောလိတ်နဲ့ […]


အဖြစ်များသော လူကြီးရောဂါများ

ဘိုးဘိုးဘွားဘွားအရွယ် အရိုးအဆစ် နာကျင်လွယ် တာ ဒါတွေကြောင့်ပါ

အသက်ကြီးလာတာ နဲ့အမျှ ဟိုနားက နာ၊ ဒီနားက နာ ဝေဒနာအမျိုးမျိုးကို ခံစားလာရတာ ပုံမှန်ပါပဲ။ ကျန်းမာရေး လိုက်စားလို့ အရွယ်နဲ့ မလိုက်အောင် နုပျိုသန်မာနေဆဲ အဘိုး အဘွားတွေတော့ ရှိပါတယ်။ ဒါပေမယ့် အနည်းနဲ့ အများတော့ အရိုးအဆစ် နာကျင်လွယ် တဲ့ ပြဿနာတွေ ရှိတတ်ကြပါတယ်။ အဘိုးအဘွားတို့ အဖြစ်များတဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာများ Osteoarthritis ( အရိုးအဆစ်မှာ ရှိတဲ့ အကာအကွယ် အရိုးနု ပျက်စီးသွားတဲ့ အခါ လက်၊ ဒူးခေါင်းနဲ့ တင်ပါးဆုံရိုးတို့မှာ နာကျင်ကိုက်ခဲစေတဲ့ဝေဒနာ ဖြစ်ပါတယ်။) အကြောတင်ခြင်း၊ အဆစ်လွဲခြင်း ခါးအောက်ပိုင်း နာကျင်ခြင်း အဆစ်ရောင်နာ မဟုတ်တဲ့ အဆစ်အမြစ်နာကျင်မှု ဇက်နာခြင်း ဒူးနာခြင်း အရိုးနု ပျက်စီးခြင်း (ကျောရိုးမကြီးရဲ့ ပုံမှန်တည်ဆောက်ပုံ အချိုးအစားနဲ့ […]


အဖြစ်များသော လူကြီးရောဂါများ

ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဇရာက ရှောင်လွှဲလို့ မရပါဘူး။ ကိုယ်တွေ အသက်ကြီးလာတာနဲ့အမျှ ကိုယ်တွေကို ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတွေလည်း အသက်အရွယ် ကြီးရင့်လာခဲ့ပါပြီ။ အသက်ကြီးလာတဲ့အခါ ကိုယ်ခံအား နည်းလာသလို သန်မာမှု အားနည်းလာပြီး ရောဂါတွေကို ခံစားရနိုင်ခြေကလည်း များလာပါတယ်။ ဒီတော့ ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာနေစေဖို့ အသက်အရွယ်ရတဲ့အခါ ဘယ်လိုရောဂါတွေ ဖြစ်တတ်လဲဆိုတာကို ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ အကြောင်း ပြောပြပေးထားတဲ့ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။ ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ အသက်ကြီးရင့်လာတဲ့သူတွေမှာ ဒါတွေ ခံစားရနိုင်ပါတယ်။ အသက်ကြီးတဲ့ ဖြစ်စဉ်က ဆံဖြူရုံ သွားကျိုးရုံ၊ အသားအရေတွေ တွန့်ရုံနဲ့ ပြီးမသွားပါဘူး။ ဒီလို ဝေဒနာတွေပါ ခံစားရနိုင်ပါသေးတယ်။ ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ ကတော့ အာဟာရ ချို့တဲ့မယ် အာဟာရချို့တဲ့တာက သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်