ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

5k 

Total posts

1 

Total experts

213 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ဆံပင်တွေ ကျွတ်လာတဲ့ မေမေတို့ ဘာတွေ လုပ်ရမလဲ ...

မေမေတို့ရေ ... မေမေတို့ကလေးမွေးပြီးကာစ နောက်ပိုင်းမှာ ဆံပင်တွေ ကျွတ်လာတာ မေမေတို့ ကြုံတွေ့ဖူးတယ်ဟုတ်။ တချို့ မေမေတွေဆို သိပ်မသိသာပေမယ့် ဆံပင်ရှည်တဲ့ မေမေတွေကျ ဆံပင်ပါးလာတာ ပိုသိသာပါတယ်။ ဒါက ဖြစ်လေ့ရှိတဲ့ သဘာဝမို့ ဆံပင်တွေ ကျွတ်လာတဲ့ မေမေတို့ အရမ်းထိတ်လန့်မသွားပါနဲ့။ ဒီဆောင်းပါးလေး မှာ ပါတဲ့ နည်းလေးတွေလုပ်ကြည့်ရင် အဲဒီအခိုက်အတန့်ကို အလှမပျက်ဘဲကျော်ဖြတ်နိုင်မှာပါ။

2
17k
မှတ်ချက် 0 ခု
trampolineရဲ့ကောင်းခြင်းဆိုးခြင်းများကိုသိချင်လို့ပါရှင့်

ဆရာရှင့် ကျွန်မရဲ့သားလေးက၂နှစ်၃လ ရှိပါပီရှင် ကလေးကအရမ်းထွားပါတယ်ရှင်ပေါင်ချိန်၃၃ပေါင်​အရပ်က၃ပေ၅လက်မ သူများ၄နှစ်ကလေးထက်ကိုထွားပါတယ်ရှင် သူကtrampolineနဲ့ခုန်တဲ့အခါတခါခုန်၁နာရီလောက်ကြာပါတယ်ရှင် တစ်လမှာ ၃ခါလောက်ခုန်ပါတယ်ရှင် တခါတလေတော့ ၅မိနစ်လောက်ပဲခုန်ပါတယ်ရှင့် ကျွန်မသိချင်တာကတော့ အဲ့လိုခုန်ရင် ဘေးထွက်ဆိုးကျိုးနဲ့ကောင်းကျိုးကိုသိချင်ပါတယ်ရှင် အူကျနိုင်သလားရှင့်ကျေးဇူးပြု၍ဖြေပေးပါရှင့

0
17k
မှတ်ချက် 7 ခု
ကိုယ်ဝန်​ဆောင်ချိန်ထူးခြားတဲ့ချင်ခြင်းတပ်ခြင်းများ

ဒုတိယသားသားကိုယ်ဝန်လွယ်ထားတဲ့ မာမီ အက်စတာ ပါရှင့်။

သားဦးကိုယ်ဝန်လွယ်တုန်းကဆို မုန့်လက်ကောက်၊မုန့်ဖက်ထုပ်ရူးခဲ့ပါတယ်။ ဒုတိယကိုယ်ဝန်ရလာတော့ ထမင်းဟင်းအနံ့တောင် မခံနိုင်တဲ့ချိန် ရာဂျားအပြာရောင်ထုပ်ရဲ့ အနံ့ပဲရှူချင် ငုံချင်လာမိတယ်။ နဂိုက မူးယစ်ဆေးတွေဆို အနံ့တောင်မခံနိုင်သူပါ။ကျန်တဲ့ မျိုးတူခိုင်နီး ကွမ်းပေါင်းတေတော့ မကြိုက်မိပြန်ဘူး။

သန္ဓေသားအတွက် အန္တရာယ်ဖြစ်မှာစိုးတဲ့စိတ်နဲ့ ထိန်းချုပ်ထားပေမယ့် စားချင်တဲ့အစားအစာတွေးရင်တောင်မှပဲ အာရုံမှာရာဂျားပဲပေါ်ပေါ်လာရော...

မတတ်နိုင်တဲ့အဆုံးတော့ တစ်ထုပ်ဝယ်ပြီး နည်းနည်းချင်းဆီ ငုံရတော့တယ်။ ၃လကြာ တစ်ထုပ်တော့ မကုန်သေးဘူးဟီးး...

ခလေးမွေးပြီးသွားတဲ့အထိ စွဲသွားမှာလည်း စိုးရတယ်။ ကယ်ကြပါအူးရှင့်....


#StoryCompetition2022Oct

0
17k
မှတ်ချက် 1 ခု
ကလေးမွေးပြီးကာစ ဆံပင်တွေကျွတ်လာတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

မေမေတို့ရေ ... မေမေတို့ကလေးမွေးပြီးကာစ နောက်ပိုင်းမှာ ဆံပင်တွေ ကျွတ်လာတာ မေမေတို့ ကြုံတွေ့ဖူးတယ်ဟုတ်။ တချို့ မေမေတွေဆို သိပ်မသိသာပေမယ့် ဆံပင်ရှည်တဲ့ မေမေတွေကျ ဆံပင်ပါးလာတာ ပိုသိသာပါတယ်။ ဒီလို ကလေးမွေးပြီးကာစ နောက်ပိုင်းမှာ ဆံပင်တွေကျွတ်လာတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မနက်ဖြန် ဆောင်းပါးလေးမှာ ပြောပြပေးမယ်နော်...

ကလေးမွေးပြီးကာစ ဆံပင်တွေကျွတ်လာတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲကလေးမွေးပြီးကာစ ဆံပင်တွေကျွတ်လာတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
0
17k
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်ချိန် ထူးခြားတဲ့ ချဥ်ချင်းတက်ခြင်းများ

ယခုလက်ရှိ သားသားကိုယ်ဝန်လွယ်ထားရပါတယ် ညီမကိုယ်တိုင်လဲ အသားငါးစားတဲ့သူမဟုတ်တော့ အခုကလေးကိုယ်ဝန်လည်း အသားငါးမစားဖစ်ဘူးပေါ့နော် ညီမက လမ်းဘေးစာတွေ ငါးပိတွေ အစပ်စားတာလုံးဝရှောင်ပါတယ် ငယ်ငယ်ထဲက စားရတာ သဘောမကျဘူးပေါ့နော် သားလေးလည်း ကိုယ်ဝန်စရရော လမ်းဘေးက ဘာမှအော်မရောင်းနဲ့ စားချင်တာမှအကုန် ငါးပိနဲ့သုပ်တဲ့ အသုပ်တွေ အထောင်းတွေ အကုန်စား ပီးရင် မူကထ မစားရလို့ငိုရတဲ့နေ့ရှိသေး အရမ်းထူးခြားတာက လိမ္မော်သီးအချို ကြက်မောက်သီး အရမ်းချဥ်ချင်းတက်ပါတယ်

ပြီးတော့ နာနတ်သီး လုံးဝထူးခြားတာက ရေခဲ.ရေခဲမုန့် လုံးဝချဥ်ချင်းတက်တာ ရေခဲတွေဆို တနေ့ကိုရေဘူး ၁ လီတာ ဘူး ၅ဘူးလောက်ကိုစားတယ်

ဆီးလည်းလုံးဝမကျင်ဘူးရှင့် စားတာ

ရေခဲကိုပန်းကန်ထဲထည့်ပြီး ​ဒီတိုင်းကိုထိုင်စားတာ ရေခဲမုန့်ဆိုလည်း ၅ခုလောက်တစ်ထိုင်တဲစားလည်း မဝဘူး

အခုထိပေါ့နော် ၁၁ လပိုင်း ၄ရက်နေ့ ခွဲမွေးရမှာပါ ဒီပေ့ချ်လေးကနေ ဆုရခဲ့ရင်လည်း သားသားအတွက်အမှတ်တရဖစ်နေမှာပါ ညီမချဥ်ချင်းတက်တာကတော့ ဒါလေးပါပဲရှင့် မေမေတွေ အားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းလျက်🙏

"#Story Competition 2022 Oct"

2
17k
မှတ်ချက် 3 ခု
ကိုယ်ဝန်ဆာင်ချိန်ထူးခြားတဲ့ချဉ်ခြင်းတပ်ခြင်းများ

ကိုယ်ဝန်မရှိခင်က အချဉ်မကြိုက်တတ် မစားတတ်ခဲ့ပါဘူး ခုကိုယ်ဝန်ရှိတော့ ထူးထူးခြားခြား တစ်ခါမှ မကြိုက်ခဲ့ဖူးတဲ့ ဂွေးသီးကို ခနခနသုပ်စားမိပါတယ် မစားရတဲ့ရက်တွဆို သတိရပြီး နေရတာ စိတ်မချမ်းသာတဲ့အထိဖြစ်လို့ အမျိုးသားကမကြာမကြာဝယ်လာပေးရတဲ့အထိပါပဲ 🥰

0
17k
မှတ်ချက် 1 ခု
ကိုယ်ဝန်ဆောင်စဥ်ထူးခြားသည့်ချဥ်ခြင်းတက်ခြင်းများ


ကျမကိုယ်ဝန်ဆောင်နေချိန်မှာ အရမ်းချဥ် ခြင်းတက်တဲ့အရာကတော့ အသီးအနှံပါပဲရှင့်

ကိုယ်ဝန်ရှိစဥ်မိုးလင်းလို့ဗိုက်ဆာတာနဲ့ လာရောင်းတဲ့အသီးမှန်သမျှဝယ်စားပါတယ် ပေါ်ဦးပေါ်ဖျားအသီးတေဆိုစျေးကြီးလို့ မစားခဲ့ဖူးပါဘူး ကိုယ်ဝန်ရမှ ပိုက်ဆံကအဓိကမဟုဘူး ငါစားချင်တာစားရဖို့အဓိကဆိုပီးဝယ်စားပါတယ်

ကိုယ်ဝန်ရှိစမှာ မနက်ပိုင်းဆိုအန်တဲ့လက္ခဏာဖစ်တာမို့ မအန်အောင်အချဥ်ပေါင်းတေလည်းစားပါတယ်

ဒါမယ့်ဖစ်တာပါပဲရှင့် စပျစ်သီးတေဆို အဝ ထမင်းစားသလိုစားတာပါ ဗိုက်ပြည့်သည်အထိပါပဲ

သဘော်သီးထောင်းလေးကလည်းစားဖစ်တယ်ရှင့်

အရမ်းစားချင်တာကိုး ညသန်းခေါင်ကျော်ကလေးလှုပ်လည်း ဗိုက်ဆာလို့ထစားရတဲ့ ရက်ပေါင်းမနည်းပါဘူး

အသီးအနှံ အချဥ်ပေါင်း ကိုယ့်အတွက်မနက်စာလိုဖစ်နေတာပါ ကိုယ်ဝန်ဆောင်တုန်းကပေါ့

ခုဆိုသမီးလေး က15ရက်နေ့Octoberဆို4နှစ်ပြည့်ပါပီရှင့်

ခုလိုဝင်ပီးပြိုင်ရတာလည်းဒီသမီးလေးမွေးနေ့အတွက် အမှတ်တရလေးဖစ်စေချင်လို့ပါ😍😍

ဤစာလေးမြင်တဲ့မေမေ တို့ မမတို့က အသဲလေးပေးပေးပါအူး ကျေးဇူးကမ္ဘာပါ "#StoryCompetition2022Oct#"

2
17k
မှတ်ချက် 3 ခု
ကိုယ်ဝန်ဆောင်ချိန်ထူးခြားတဲ့ချဉ်ခြင်းတပ်ခြင်းများ

ကျွန်မကတော့ သုံးနှစ်ခွဲအရွယ် သမီးလေးရဲ့မေမေပါ သမီးလေးကို ကိုယ်ဝန်စဆောင်စဉ်ကအရမ်းလဲလိုချင်ခဲ့တော့ တနေ့မှာ ခြံကြီးထဲမှာ ရွှေရောင်ဝါဝင်းနေတဲ့လိမ္မော်သီးအလုံးကြီးတွေစားရတယ်လို့ အိမ်မက်မြင်မက်မိတယ်ရှင့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ ထူးထူးခြားခြားချဉ်ခြင်းကတော့ ကောက်ညှင်းမျိုးစုံကိုစားချင်နေတာပါ ကောက်ညှင်းပေါင်းဆီထမင်း ရွှေထမင်း ခေါပုတ်စသည့်ပေါ့နော် ကိုယ်ဝန်နဲ့ ဝမ်းချုပ်မှာလဲစိုးလို့ ချင့်ချိန်စားရပါတယ်ရှင့် နောက်တခုက

သမီးလေးကိုယ်ဝန်နဲ့မို့လို့ထင်တယ် အလှပြင်ရတာ နှုတ်ခမ်းနီဆိုး ဆံပင်လေးသပ်သပ်ရပ်ရပ်စည်းပြီးနေမိတယ်ရှင့်

နောက်တရုတ်တန်းမှာမှရောင်းတဲ့ ပဲနို့ပေါင်းလေးတွေ အရမ်းသောက်ချင်တာပါပဲ

အမျိုးသားနဲ့ကတော့ ကိုယ်ဝန်နဲ့မှာ ပိုပြီးကပ်လွန်းလို့ အမျိုးသားစာမေးပွဲဖြေနေတော့ သူစာကျက်ပျက်မှာစိုးလို့ အနားကပ်ချင်စိတ်ကိုမြိုသိပ်ထားရသေးတာ🤪🤭

ကျွနိမရဲ့ အတွေ့အကြုံလေးကတော့ဒါပါပဲရှင့် သာမာန်မိခင်တယောက်ရဲ့ကိုယ်ဝန်ဆောင်ချိန်ဖြတ်သန်းမှုလေးပါရှင့်

အားလုံးပဲသီတင်းကျွတ်အခါသမယမှာ ကျန်းမာပျော်ရွှင်ကြပါစေ

#StoryCompetition2022Oct

0
17k
မှတ်ချက် 1 ခု
ကိုယ်ဝန်ဆောင်စဥ်ထူးခြားချင်ခြင်းတက်ခြင်း

မဂ်လာပါရှင် ကျွန်မ၂၉နှစ်ပါ ပထမသားလေးက ၅နှစ်ပါ အခု ကိုယ်ဝန်၂လပါဆရာ ပထမခလေးတုန်းကဆို ကိုယ်ဝန်၁လထဲအန်ချင် မစားချင်

အခု သရေစာဆိုမစားချင် ထမင်းပဲစားချင်နေတာ ဟင်းချက်ပီးဆို စားချင်တာအရမ်းပဲဆရာ ထမင်းတစ်မျိုးနဲ့ အသီးရွက်စုံစားချင့နေတာ လိုချင်တာတော့ မိန်းခလေးပါ အစမို့လားတော့မသိဘူး တခြားဘာထူးခြားမူမှ မရှိတေးဘူး ဆရာ😍

0
17k
မှတ်ချက် 1 ခု
ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ .... မေမေတို့ရေ

ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ။ ဘာကြောင့်လဲဆိုတော့ …….. ပုံပြင်ပြောပြခြင်းက


•ဘေဘီလေးကို လူတော်လူကောင်းလေးတွေ ဖြစ်စေတယ်

•နားထောင်မှု စွမ်းရည် တိုးတက်စေတယ်

•စိတ်ကူးနိုင်စွမ်း ကောင်းစေတယ်

•ဓလေ့ထုံးတမ်းတွေကို နားလည်စေနိုင်တယ််

•လူမှုဆက်ဆံရေး ကောင်းမွန်စေတယ်

•မှတ်ဉာဏ်ကောင်းစေနိုင်တယ်

•သင်ယူမှု လွယ်ကူစေတယ်

•ဝေါဟာရ ကြွယ်ဝစေမယ်

•စိတ်ဖိစီးမှု ပြေလျော့စေတယ်

•EQ ကောင်းစေတယ်


ဘေဘီလေးကို လူရည်ချွန်လေးအဖြစ် ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ ပုံပြောပြဖို့ ပုံပြင် ကောင်းကောင်းလေးတွေကို ရှာဖတ် ထားလိုက်တော့နော် မေမေတို့ရေ.......


ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ .... မေမေတို့ရေ  ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ .... မေမေတို့ရေ  
0
17k
မှတ်ချက် 0 ခု