backup og meta

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

    ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား!

    ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။ 

    ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ ဖြူလာနိုင်ပါတယ်။ ဘယ်လို အကြောင်းအရာတွေ ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ဦးစို့နော်။

    လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

    လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတော့ အခုလို အကြောင်းအရင်းလေးတွေကြောင့်ပါ။ 

    • ဗီတာမင် B12 ချို့တဲ့နေတာ

    နေ့စဉ်စားသုံးမှုက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ဟန်ချက်ညီစေဖို့ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ဗီတာမင် B12 ကင်းမဲ့နေမယ်ဆိုရင်တော့ လုံလောက်တဲ့ သွေးနီဥဆဲလ်တွေကို ထုတ်ဖို့ ခက်သွားမှာပါ။ ဒါကြောင့်ပဲ ဗီတာမင်  B12 ချို့တဲ့နေပြီဆိုရင်တော့ ဆီးခုံမွေးက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုး ခံစားရနိုင်ပါတယ်။ ဒါကြောင့် အသက်ကလည်း မကြီးသေးဘူး။ ဆီးခုံမွေးတွေကလည်း ဖြူနေပြီဆိုရင်တော့ ဗီတာမင် B12 ကြွယ်ဝစွာ ပါဝင်နေတဲ့ တူနာငါး၊ ဆာဒင်းငါး၊ ကလီစာတွေ၊ ချိစ်၊ ဥအမျိုးမျိုး၊ ဒိန်ချဉ် စတာတွေကို စားသုံးပေးဖို့ လိုပါမယ်။ 

  • စိတ်ဖိစီးတာ
  • ကာလရှည်ကြာ စိတ်ဖိစီးတာက ဆီးခုံမွေးကို အရွယ်မတိုင်ခင်မှာ ဖြူစေတာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ စိတ်ဖိစီးမှု များနေပြီဆိုရင် ကိုယ်တွင်းမှာ ရောင်ခြယ်ပစ္စည်း ထုတ်လုပ်မှုကို ဟန့်တားနိုင်တဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်လိုက်တာကြောင့် အိုမင်းမှုဖြစ်စဉ်ကို အရှိန်မြင့်စေပြီး ဆီးခုံမွေးကို အရောင်ပြောင်းစေတာပါ။ 

    • ရောင်ခြယ်ပစ္စည်း ဆုံးရှုံးတဲ့ အရေပြားပြဿနာ (Vitiligo) ခံစားနေရတာ

    Vitiligoဆိုတာက ကိုယ်တွင်းမှာ ရောင်ခြယ်ပစ္စည်း ဆုံးရှုံးစေတဲ့ အရေပြား ပြဿနာပါ။ ဒီလို အရေပြား ပြဿနာကို ခံစားရမယ်ဆိုရင်တော့ အရေပြားမှာရော အမွေးအမျှင်တွေပါ အကွက်လိုက် ဖြူလာတာမျိုး၊ ဆီးခုံမွေးတွေ ဖြူလာတာမျိုး ခံစားရနိုင်ပါတယ်။  

    • ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာ

    အမွေးအမျှင်တွေကို ဖယ်ရှားတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုတာ၊ ခရင်မ်၊ ဆပ်ပြာတွေကို အသုံးပြုပြီး ဆီးခုံမွေးတွေကို ဖယ်ရှားတာက အရေပြားနဲ့ မွေးညှင်းအိတ်လေးတွေကို ထိခိုက်စေပြီး ဆီးခုံမွေးတွေကို ဖြူစေတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်မှာ အသုံးပြုမယ့်အရာတွေကို သတိထား ရွေးချယ်ဖို့ လိုပါမယ်။

    • မျိုးဗီဇ

    မျိုးဗီဇကလည်း ဆီးခုံမွေးကို အရောင်ပြောင်းစေနိုင်တဲ့ အချက်တစ်ခုပါ။ မိဘတွေမှာ အရွယ်မတိုင်ခင် ဆီးခုံမွေးတွေ ဖြူတာကို ခံစားရမယ်ဆိုရင် မျိုးရိုးလိုက်ပြီး ကိုယ်တိုင်မှာလည်း ဆီးခုံမွေး ဖြူတာကို ခံစားရနိုင်ပါတယ်။ 

    • ဆေးလိပ်သောက်တာ

    ဆေးလိပ်သောက်တာက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဆေးရွက်ကြီးတွေကနေ ထွက်လာတဲ့ ဓာတုပစ္စည်းတွေကြောင့် မွေးညှင်းအိတ်တွေ ထိခိုက်တာ၊ ရောင်ခြယ်ပစ္စည်း ထုတ်လုပ်မှုကို ဟန့်တားတာတွေကြောင့် ဆီးခုံမွေးဖြူတာ အရောင်ပြောင်းတာတွေကို ခံစားရနိုင်ပါတယ်။ ဒီသက်ရောက်မှုက ဆေးလိပ်ကိုယ်တိုင် သောက်သူမှာရော တဆင့်ခံ ဆေးလိပ်ငွေ့ ခံရသူမှာပါ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

    • ဟော်မုန်းပြောင်းလဲတာ

    ရာသီသွေးဆုံးတာကြောင့် ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာကလည်း ဆီးခုံမွေး အရောင်ပြောင်းတာကို ဖြစ်စေနိုင်ပါတယ်။ နောက်ဖြစ်နိုင်သေးတာက သားဥအိမ်ရေအိတ် တည်တာအပါအဝင် အခြားသော ဟော်မုန်းပြောင်းလဲမှုနဲ့ ဟော်မုန်း ကမောက်ကမဖြစ်မှုကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားနေရတာကလည်း ဆီးခုံမွေး အရောင်ပြောင်းတာကို ဖြစ်စေနိုင်ပါတယ်။

    ဘယ်လို ကာကွယ်ကြမလဲ!

    ဆီးခုံမွေးဖြူတာကို အခုလို နည်းလမ်းလေးတွေနဲ့ ကာကွယ်လို့ ရပါတယ်။ 

    • အာဟာရ ပြည့်ဝမျှတအောင် စားသုံးပါ
    • ဆေးလိပ်၊ အရက်သောက်တာကို လျှော့ပါ
    • ဓာတုပစ္စည်းတွေ အမွှေးနံ့ပြင်းတာတွေ ပါတဲ့ မိန်းမကိုယ် သန့်စင်မှုအတွက် သုံးတဲ့ပစ္စည်းတွေ၊ လစဉ်သုံးပစ္စည်းနဲ့ တစ်သျှူးတွေကို မသုံးပါနဲ့
    • စိတ်ဖိစီးမှုကို ဖြေလျော့ပါ
    • ဟော်မုန်း မမျှတာ၊ သားဥအိမ် ရေအိတ်တည်တာ၊ ရောင်ခြယ်ပစ္စည်း ဆုံးရှုံးတဲ့ အရေပြားပြဿနာတွေ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုပါမယ်

    ဒီအချက်လေးတွေကို လိုက်နာပေးမယ်ဆိုရင် ဆီးခုံမွေး ဖြူတာတွေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်မှာပါ။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement